image




Tuesday, 6 November 2012

တောသားအတွေး

တောသားဘဝနဲ့တောက အလှတွေက ရင်ထဲကို အေးမြစေပါတယ် အမေ.....။
နေညိုချိန် ညနေစောင်းက
မြူခိုးတွေ ရစ်ဝိုင်းနေတဲ့ တောင်တန်းတွေရဲ့ကြား
ငုပ်လျှိုး ကွယ်ပျောက်တော့မယ့် နေလုံးနီနီ
မျက်လွှာလေးချ အိပ်စပြုနေတဲ့ သစ်ပင်လေးတွေဆည်းဆာအလှတွေကြား လေညှင်းလေးတွေနဲ့
စပါးပင်လေးတွေကလည်း ယိမ်းကနေကြတယ်မြင်မြင်သမျှ အေးမြတယ်အမေ....
ကျွန်တော်တို့လည်း ဘာမှမသိဘူး.... လောဘဆိုတာလည်း မကြီးခဲ့ဘူး......။



မြို့ကြီးဆီိကိုရောက်
ကျွန်တော် အွန်လိုင်းပေါ် မျက်စိမှောက်ခဲ့ရပြီ.......။
နေ့စဉ်တိုင်း တွေ့နေရတာကကမ္ဘာ့နိုင်ငံ အသီးသီးက နည်းအမျိုးမျိုးနဲ့ သိမ်းပိုက်ချင်နေကြတဲ့
ကျွန်တော်တို့ မြန်မာပြည်.......လူမျိုးရေး သဘောတရားနဲ့ သွေးထိုးစကားတွေကိုလည်း တွေ့ရတယ်ခေတ်မှီတဲ့ နိုင်ငံကြီးတွေက တင်ဆက်တဲ့ ခေတ်မှီတဲ့လူသတ်လက်နက်တွေ...ကျွန်တော် ရင်တွေ ပူနေတယ် အမေ......။
မာကျူရီ အလင်းမရလဲ လမင်းကိုကြည့်တာ အေးမြပါတယ်လေယာဉ်ပျံ မစီးရလည်း လှည်းယာဉ်လေးစီးတာ အေးမြပါတယ်မွေ့ယာပေါ် မအိပ်ရလည်း မြက်ဖျာပေါ် အိပ်ရတာ အေးမြပါတယ်
ညံ့ဖျင်းတဲ့ စိတ်ဓါတ်လို့ ထင်မလားလူသားတွေ ငြိမ်းချမ်းဖို့ကို လိုလားတယ်အမေ.............။
  မေတ္တာပို့ တရားသံကို လွမ်းတယ်ဆွမ်းချက်ဖို့ကို အချက်ပေးတဲ့ ရွာဦးကျောင်းက အုန်းမောင်းသံလေးရယ်
နံနက်ခင်း အာရုဏ် အတက်မှာ လင်းကြက်တွန်တဲ့ အသံလေးတွေကို
လွမ်းတယ်အမေရယ်တောသားဘဝ တောအလှကနှလုံးသားကို အေးမြစေခဲ့တာ အမှန်ပါ
လောဘ မုဆိုး တွေ ပေါများပြီးလူတွေနေထိုင်တဲ့ ကမ္ဘာကြီးကို
လူတွေပြန်ပြီး ဖျက်စီးနေကြတယ်လို့ တွေးမိရင်
ကျွန်တော့်ရင်တွေ ပူတယ်အမေဒါ (ခေတ်မှီလာတဲ့) မြို့ပြရဲ့ စရိုက်တွေပေါ့..........။
စေတနာ ရှေ့ထားတဲ့ အမေ့ရဲ့

No comments:

Post a Comment