image




Wednesday, 7 May 2014

မလွမ်းပါနဲ့

ဒီနေ့မခွဲလဲတနေ့နေ့မှာ ခွဲရမယ်....ငါထားခဲ့ရင်တောင်ငါ့ကို မလွမ်းပါနဲ့
ခွဲခွာခြင်းကွေကွင်းခြင်းလွမ်းဆွတ်ခြင်းကြေကွဲခြင်းတွေ....မဆုံးနိုင်တဲ့ အလွမ်းမီးတွေ...
မလောင်ကျွမ်းခင်....လက်ပြနှုတ်ဆက်ပြီးကျောခိုင်းလျှောက်ကြဖို့နင် ပြင်ဆင်ထားလိုက်ပေါ့...
သံသရာ တကွေ့မှာတစ်ခါကြုံတွေ့ပြီးပြီပဲ...တို့နှစ်ယောက်နဲ့ သက်ဆိုင်တဲ့မှတ်တိုင်တစ်ခုက
ဟိုး အဝေးတနေရာမှာ.....နင့် ဘဝတကွေ့မှာငါရှိခဲ့ဘူးတယ် ဆိုရင်နင် လွမ်းနေဖို့လိုသေးလား..
ငါတော့ မလွမ်းတော့ဘူးငါ့အနားမှာ..နင်...တချိန်တုန်းက ရှိခဲ့ဘူးတယ်....

ဘဝ

ယုံကြည်မှုနဲ့ အစပျိုးခဲ့တဲ့
အသိတရားတွေကို
ယုံကြည်မှုနဲ့ပဲ ဆက်ပြီး ထိန်းထားပါရစေ...
အမှန်တရားနဲ့ပဲ အစပျိုးခဲ့တဲ့
ဘဝ တစ်ခုကို
အမှန်တရားနဲ့ပဲ ဆက်ပြီး
အမှတ်ရနေပါရစေ...
တိတ်တခိုးနဲ့ အစပျိုးခဲ့တဲ့
ရင်ထဲက တစ်စုံတစ်ရာကိုတော့
တိတ်တခိုးလေးနဲ့ပဲ...
ရင်မှာသော့ခတ်သိမ်းထားပါရစေတော့
ချစ်ရသော သူလေးရေ...
အားလုံးပြီးဆုံးသွားပြီဆိုရင်တောင်
တစ်ယောက်တည်း ကမ္ဘာထဲမှာ
မိုနာလီဇာ လို ပြုံးတတ်တဲ့ မင်းရဲ့အပြုံးကို
ငါ ရူးသွပ်ကျန်ခဲ့တာ သွတ်သွတ်ခါအောင်ပါပဲ...

သတိရတိုင်းလွမ်းနေမိတယ်ချယ်ရီရယ်