image




Tuesday, 30 October 2012

သီချင်းလေးနားထောင်ရန်







ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက် KIA ထံ တပ်သားသစ် ပို့ဆောင်ရ



ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက်နုန်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ထံ တပ်သားသစ် ပို့ပေးရကြောင်း ဒေသခံများက ပြောသည်။

မန်ဝိန်းကြီး ကျေးရွာ အုပ်စုအတွင်းမှ လူငယ် (၁၈) ဦးအား KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ပန်ခမ်းကျေးရွာသို့ ယခုလ (၃၀) ရက်နေ့က ရပ်ရွာလူကြီးများကိုယ်တိုင် သွားရောက် ပေးပို့ခဲ့ရသည်ဟု မန်ဝိန်းကြီး ဒေသခံ တဦးက အခုလို ပြောသည်။