image




Wednesday, 14 November 2012

ရှားရှားပါးပါး မြန်မာပြည်မှဓါတ်ပုံများ

၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူတွေ့ရသော ကချင်တိုင်းရင်းသားများ



၁၉၂၂ ခုနှစ် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ နှင်. အိန္ဒိယနိုင်ငံ တွဲထားသောမြေပုံ


ဒီဇင်ဘာလ ၁၇ ရက် ၁၉၄၅ သံဖြုဇရပ်မြို့ အနီး သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရာ တွင် အဓမ္မ နှိပ်စက်ညှင်းပန်း ၍ လုပ်အားပေးခိုင်းစေခြင်းခံခဲ့ရသော အလုပ်သမားများအား အင်္ဂလိပ်တပ်များမှ ဖက်ဆစ်ဂျပန်တို့လက်မှ နေ၍ ပြန်လည်ကယ်တင်ပြီးနောက် ထမင်းကျွေးနေသောပုံဖြစ်ပါသည်


အိမ် မြောင် နှစ်ကောင် အင်းကွက်။ ရှေးခေတ်က သူခိုးတွေပေါင်ပေါ်မှာထိုးလေ့ထိုးထရှိတယ်။အမြင့်တွေကို ခုန်ချင်ရင် အိမ်မြောင်အတက်ပုံကိုလက်နဲ့ ပုတ်ပြီးခုန်ကြတယ်။ အမြင့်တွေက ခုန်ချချင်ရင်တော့ အိမ်မြောင် အဆင်းပုံကို လက်နဲ့ ပုတ်ပြီး ခုန်ဆင်းကြရတယ်။ရှယ်ပြီဗျို့။
 

၁၈၉၅ခုနှစ်မှ ဒလဟိုဇီ ပန်းခြံ(ဗိုလ်ချုပ်ပန်းခြံ)။ ထိုခေတ်ထိုအခါက ဒလဟိုဇီပန်းခြံသည် အရှေ့တောင်အာရှ နိုင်ငံများရှိ လူလုပ်ပန်းခြံများထဲတွင် အလှဆုံးဖြစ်ပြီး ဓာတ်ပုံဆရာများကြားတွင်ရိုက်ကွင်းအကောင်းဆုံးအဖြစ်ကျော်ကြားခဲ့ဖူးသည်။ပုံတွင်မြင်နေရသောနေရာ
 

ရှင်စောပု ဘုရင်မကြီး အသုံးပြုခဲ.သော ခေါင်းဆောင်းတော်
 

၁၉၂၁ ခုနှစ်မှ ဆန်ဖွတ်နေသော ကချင်အိမရှင်မတဦး
 


မတ်လ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာ စစ်ကာလ အတွင်း ဂျပန် တို့ သိမ်းပိုက်ထားသော မန္တလေးမြို့ကြီးအား အင်္ဂလိပ်ဗုံးကြဲ လေယာဉ်များမှ ဗုံးများလာရောက်ကြဲချနေစဉ်

  ၁၉၄၅ မတ်လ ဒုတိယကမ္ဘာ စစ်ကာလ မန္တလေး မြို့သိမ်းတိုက်ပွဲအတွင်း ပန်ချာပီ(ဆစ်ခ်) တပ်သားများက ဂျပန် ခံကတုတ် ကျင်းများထဲသို့ ဖော့စဖိတ် လက်ပစ်ဗုံး ပစ်ထည့်ကာ စက်သေနတ်များနှင့် ပစ်၍ အနီးကပ်တိုက်ပွဲများပြင်းပြင်းထန်ထန် ဆင်နွှဲနေစဉ်။


မန္တလေး ဈေးချိုတနေရာ??? ပုံရလာသည့်နေရာမှာလဲ ဘာမှ ရေးမထားသည့်အတွက်ကြောင့် မခန့်မှန်းနိုင်သည်ကို ခွင့်လွှတ်ပါ
 
ဒုတိယကမ္ဘာစစ် အတွင်း မှ ဗုံးဒဏ်ကြောင့်ပျက်ဆီး နေသော ရန်ကုန်ဆိပ်ကမ်း
 




No comments:

Post a Comment