image




Thursday, 3 April 2014

ကျန်းမာရေးနဲ့ အထူး သင့်လျော်သော ပန်းသီး ဝိုင် ပြုလုပ်နည်း

အမျိုး သမီးများ အသက်ကြီး လာချိန်မှာ ဖြစ်တဲ့ ဝေဒနာ အတွက် ရှမ်း ဆေးဆရာ အဖိုးအို တစ်ယောက်က ရောဂါ ပျောက်ကင်း သက်သာ အောင် ဒီဝိုင်လေး လုပ်ပြီး သောက်ဖို့အတွက် နည်းလေး ပေးလိုက်တာ ပါ။ အဲ့ဒီလို ဝေဒနာတွေ မခံစား ရအောင်လို့ ပျိုရွယ်စဉ် အချိန်က တည်းက စပြီး နည်းနည်း ချင်းသောက်သုံး သွားသင့် တယ်လို့ ဆိုပါတယ်။



wine yeast ထည့်ပြီး ဖောက်ထားတဲ့ ဝိုင်မဟုတ် တာရယ်၊ ဝိုင်ဖောက်ချိန် သိပ်မကြာ တာရယ်ကြောင့် alcohol ပါဝင်မှု အရမ်းနည်းပါ တယ်။ မမူး ပေမယ့် ချိုမြမြ အရ သာရယ်၊ နှစ်သက်ဖွယ် ကောင်းတဲ့ ဝိုင်အနံ့ရယ်၊ ခပ် ထွေထွေ ခံစားရ တာရယ် ကြောင့် အားလုံး စောင့်ရကျိုး နပ်မယ်လို့ မျှော်လင့်ပါ တယ်။

ဒီဝိုင်လေး လုပ်နည်းရဲ့ အချိုးအ ဆကတော့ အလေးချိန် အရ အသီး နှစ်ဆ၊ သကြား တစ်ဆ နဲ့ ရေပူ ကတော့ အမြဲတမ်း အသီးမြှုပ်အောင် ထည့်ရပါ မယ်။ သုံးတဲ့ ဖန်ဗူးက ပန်းသီး 600 g ပဲ ဆန့်လို့ သကြား 300 g ထည့်ပြီး လုပ်ထား ပါတယ်။


ပန်းသီး ဝိုင် လုပ်ရန် လိုအပ်တာ လေးတွေ…

၁- ပန်းသီး – 600 g
၂- သကြား – 300 g
၃- ပွက်ပွက်ဆူ နေသော ရေနွေး
၎- သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ဗူး
၅- သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ပုလင်း

အညာ ဖြုတ်ကာ (ကျွန်မက ဖြုတ်ဖို့မေ့သွားလို့ပါ။ ) ပြောင်စင် အောင်ဆေးပြီး ရေတတ် နိုင်သမျှ ခြောက်အောင် လုပ်ထားသော ပန်းသီး များကို ခက်ရင်း ဖြင့် ၄၊၅ ချက်ထိုး ဖောက်ကာ သန့်ပြန့်သော ဖန်ဗူးထဲ ထည့်ပါ။

(ပွက်ပွက်ဆူ နေသော ရေနွေးလောင်း ထည့်ချိန်မှာ ပုလင်းအေး နေလျှင် ကွဲသွာ နိုင်သဖြင့် ပုလင်းနွေး နေအောင် ရေနွေး (ရေပူ မဟုတ်) ကို ထည့်၊ ပြီးမှ ပြန်သွန် ပစ်ကာ ပန်းသီးကို ထည့်ပေးပါ။)

သကြား ထည့်ပါ။

ပွက်ပွက်ဆူ နေသော ရေပူကို ပုလင်း အပြည့်မ ထည့်ပဲ ၁ လက်မခန့်ချန်ကာ အသီးမြှုပ်ရုံ ဖြည်းဖြည်း ချင်းလောင်း ထည့်ပြီးနောက်၊ ချက်ချင်း အဖုံးကို ပိတ်ပေးကာ အခန်းအ ပူရှိန်ဖြင့် နေရောင် တိုက်ရိုက်မ ရသော နေရာမှာ ရက် ၅၀ ထားပါ။ (ရက် ၅၀ မပြည့် မချင်း အဖုံးကို လုံးဝမ ဖွင့်ပါနှင့်။)

စပြီး အချဉ် ပေါက်လာ(ဘက်တီ ရီးယား တွေပေါက်လာ) ပြီဆိုရင် gas များထွက်လာ တဲ့အတွက် (ပုလင်း ထဲမှာဖြစ်လာ တဲ့ လေကြောင့်) အဖုံးအ ရမ်းလုံနေ ရင် ကန်ပြီး ပွင့်ထွက်သွား တတ်ပါ တယ်။ ပွင့်ထွက်မှာ စိုးတဲ့အ တွက် အဖုံးသိပ်မ လုံရင် လည်း အပြင်က လေဝင်ပြီး မှိုတက်လာ ပါတယ်။

ကျွန်မ သုံးတဲ့ ဖန်ဗူးရဲ့ အဖုံးက ကံကောင်း စွာနဲ့ အပြင်က လေမဝင် နိုင်ပေမယ့်၊ အတွင်းက လေ အပြင်ကို အတင်းတိုး ထွက်နိုင်ရုံလေး ဖြစ်နေလို့ မှိုမတက်ပေမယ့်၊ လေကန် အားကြောင့် အရည်အ နည်းငယ် စိမ့်ထွက်လာ တဲ့အတွက် ပုလင်းကို ရေစိုအဝတ် လေးဖြင့် သုတ်ကာ အောက်မှာ စက္ကူ တစ်ရွက် ခံပေးထား လိုက်ပါ တယ်။

ဒီလို ဗူးကို ဝယ်လို့မရ ရင်တော့ အလယ်လက် ၃ ချောင်းရဲ့ ထိပ်နေရာ တွေမှာ အပ်ဖြင့် အပေါက်လေး တစ်ပေါက်စီ ဖောက်ထား သော တစ်ခါသုံး ရာဘာ လက်အိတ်ကို အဖုံး နေရာမှာ စွပ်ပါ။

ပြီးလျှင် စွပ်ထားသော နေရာမှ လေ မဝင်အောင် ပလာစ တာဖြင့် ပတ်စီးပေး ထားပါ။ (ပုလင်းအ တွင်းက လေတွေ ထွက်လာစရာနေရာ ရှိအောင်လို့ လုပ်တာပါ။)

ရက်ကြာ လာလျှင် အရည်များ နောက်လာပြီး ၁၅ ရက်ခန့်ကြာလျှင်တော့ သကြားအား လုံးနီးပါး ပျော်သွား ပါတယ်။

အရည်အ နည်းငယ် စိမ့်ထွက်တာ ကြောင့် အသီးအချို့ရေပေါ်ကို အနည်း ငယ်ပေါ်လာပြီး ကျုံ့သွားပါ တယ်။

ရက် ၅၀ ပြည့်လို့ အဖုံးဖွင့် တဲ့နေ့မှာ အပေါ်မှာ ပေါ်နေတဲ့ အသီးအ ချို့ပါ။ မှိုလုံးဝမ တက်ပါ ဘူး။

အသီး တွေကို ဆယ်ထုတ်၊ အရည် တွေကို ရေစစ်ဖြင့် စစ်ပြီး အရမ်းသန့်ပြန့်သော ပုလင်း တစ်လုံးထဲ ထည့်ပြီး လျှင်တော့ ပန်းသီး ဝိုင်လေး စသောက်လို့ရပါပြီ။ (ဝိုင်ကို ပုလင်း ပြည့်အောင် မထည့် ရပါ။)

ပုလင်းထဲ ပြောင်းထည့် အဖုံးဖုံးကာ နောက်ထပ် ၇ ရက်ခန့် အခန်းအ ပူရှိန်မှာပဲ ထပ်ထားပြီးမှ သောက်လျှင် တော့ ပိုပြီးကောင်း ပါတယ်။ (ဝိုင်လေး တွေနဲ့ ပြည့်တင်း နေတဲ့ ပန်းသီးလေး တွေကလည်း အရမ်းစားလို့ကောင်းလှ ပါတယ်။)

No comments:

Post a Comment