ရတထုပ်
မိဘတွေဆီက အမွေကို သားသမီး တွေက စောင့်မျှော်လေ့ ရှိကြတယ်...
အိမ်၊ ခြံ၊မြေ၊ ကား၊ ရတနာ စသဖြင့် ဘာတွေ ရမလဲပေါ့...
အဲဒီအမွေတွေထဲက မိဘနေမကောင်းရင် ဘယ်လို ခွဲဝေ ပြုစုကြမယ်။ မိဘ အိုမင်းမစွမ်းဖြစ်လာရင် ဘယ်လို ပြန်လုပ်ပေးကြမယ်။ မိဘကို အပြိုင်အဆိုင် ( တရား တဘောင်) ရောက်သည် အထိ ပြုစုနိုင်ခွင့် တွေ ရရှိမှာလဲ ဆိုတာ ကတော့ စဉ်းစားမိကြရဲ့ လား မသိဘူး။
ဘာတွေ ဘယ်လောက်ရှိတယ်ဆိုတာ ကတော့ အာရုံက ရောက်နေတတ်ပါတယ်။
အဲဒီထဲမှာ...ရုပ်ဝတ္ထု ပိုင်ဆိုင်မှု ထက် မိဘရဲ့  နာမ်ပိုင်းဆိုင်ရာ စိတ်ချမ်းသာ မှု နဲ့ လိုလေသေးမရှိအောင် သည်းခံစိတ်နဲ့ စောင့်ရှောက်မယ်ဆိုတာကတော့ ကိုယ်အပါအ၀င် အတော်များများလည်း အလုအယက် စဉ်းစားကြမလားဆိုတာ မသေချာပါဘူး.
တကယ်တော့ မိဘပေးတဲ့ အမွေတွေထဲမှာ သုံးမကုန်တဲ့ အမွေကတော့ အညစ်အကြေးတွေ သုတ်သင်ရှင်းလင်းခွင့် နဲ့ မိဘအလိုမကျသမျှ စိတ်ရှည်သည်းခံ ရခြင်း ကို ခံနိုင်စွမ်းသူကတော့ အမွေထဲမှာ ဝေစု အများဆုံးရသူပါဘဲ။
ကိုယ်ငယ်တုန်းက ကျင်ကြီး၊ ကျင်ငယ်တွေ သုတ်သင်ပေးခဲ့တဲ့ အကြိမ်ရေ နဲ့ သူတို့ နေမကောင်းတဲ့ခါ ကိုယ်ပြုစုခွင့်ရလို့ ကျင်ကြီး၊ကျင်ငယ် သုတ်သင်ပေးခဲ့ရတဲ့ အကြိမ်ဟာ ဘယ်သူ ပိုများမလဲ....
စေတနာသန့်သန့် နဲ့ မိဘရဲ့  အညစ်အကြေး၊ ခြေဆုပ်လက်နှယ်ပြုစုခွင့် ကို ရရှိသူဟာ တသက်စာ စားမကုန်တဲ့ အကြီးဆုံးအမွေကို ရရှိသူပါဘဲ။
ဒီခေတ်မှာ မအားလပ်လို့ အလုပ်တက်ရ၊ ခွင့်ယူရ နဲ့ ကိုယ့်မိဘကို ပိုက်ဆံနဲ့ ထောက်ပံ့နေကြရပြီး..အားလပ်တဲ့ ချိန်လေးမှာ ကိုယ်ထိလက်ရောက်ပြုစုဖို့ကို လည်း စဉ်းစားရမယ်လေ...
တကယ်အထိရောက်ဆုံးဆေးက မေတ္တာမဟုတ်လား...?
မိဘတွေဆီက ဘာတွေ ဘယ်လောက်ရမလဲ ဆိုတဲ့ အတွေးနဲ့ အမွေတွေ လုနေကြမယ့်အစား မိဘကို အနစ်နာခံ လုပ်ကျွေးခွင့် ဝေစုကို ဘယ်လောက် ရမလဲ။ ဘယ်လို အလုအယက် ထောက်ပံ့ကြမလဲ ဆိုတာ ကိုဘဲ ရတနာထုပ် အနေဖြင့် အမွေလုကြရင် ထိုမိဘ မျက်နှာမှာ အပြုံးပန်းတွေနဲ့ မိဘကျေးဇူးကို အထူးဆပ်ခွင့် ရကြမယ်ဆိုတာ စဉ်းစားမိရင်...ထိုရတနာထုပ်သာလျှင် အကြီးဆုံးသော ရတနာထုပ် အဖြစ်လက်ခံကြရင်...ထိုသူ အတွက် တသက်စာ သုံးကုန်တော့မည် မဟုတ်သလို....သံသရာ အတွက်ပါ ရတနာထုပ်ရရှိသွားသူဖြစ်ကြောင်း အသိပေးလိုက်ပါရစေ......

No comments:
Post a Comment