image




Wednesday, 16 January 2013

နှလုံးသားမှာဒဏ်ရာတွေ'

  1. လူတွေရဲ့နှိပ်စက်မှုတွေအောက်ပေးစပ်ခြင်းဆိုတဲ့လုပ်ရပ်တွေနဲ့ကျေနပ်လိုက်ရတဲ့လူတစ်ယောက်ရဲ့နလုံးသားမှာတော့ဒဏ်ရာတွေဗလပွနဲ့ပါလားနော်


ချစ်ချိန်

အချစ်နဲ့အချိန်မရပ်နိုင်မကုန်နိုင်မတားနိုင်မို့အချိန်တိုင်းနေရာတိုင်းမှာအချိန်တွေ မျှော်လင့်စောင့်စားနေသလိုအချစ်ဆိုတာလဲရှင်သန်မြဲပါကွာ။

အတိတ်ဆွေးဆွေး

အေးအတူပူအမျှမရှိခဲ့စဉ်မှာလဲလိုတာကိုမတခဲ့ကာလောကကိုရင်ဆိုင်အနေယိုင်ကာ ဆင်းရဲလည်းအခြားတစ်ဖက်မှာတော့မနှိုင်းအပ်တဲ့နွေးထွေးတဲ့ မေတ္တာရိပ်အောက်အရည်ကျဲကျဲ ငပိတစ်ခွက်နဲ့ရောင့်ရဲခဲ့ရတဲ့အရင်တုန်းကဘ၀ပြန်လိုချင်လှတယ်


အတိတ်သစ်ပင်

နက်နက်ရှိုင်းရှိုင်း ရင်ဘတ်တစ်နေရာမှာ
အတိတ်သစ်ပင်လေးတစ်ပင်ရှိတယ်
အတိတ်သစ်ပင်မှာ ခံစားချက်အသီးအပွင့်တွေ ဖူးပွင့်တယ်
အမှတ်တရဆိုတဲ့အသီးကို ခူးရင်
အလွမ်းအသီးက လိုက်ကြွေကျတယ်
ကြင်နာခြင်းအသီးကိုခူးရင်
နာကျင်ကြေကွဲခြင်းအသီးက လိုက်ကြွေကျတယ်
အချစ်အသီးကိုခူးရင်
လှည့်ဖြားဟန်ဆောင်ခြင်းက လိုက်ကြွေကျတယ်

တကယ်ဆို....
အမှတ်တရအသီးကိုခူးရင်
ပျော်ရွှင်ကြည်နူးခြင်းက လိုက်ကြွေကျရမှာ
ကြင်နာခြင်းအသီးကိုခူးရင်
ယုယနမ်းရှုံခြင်းက လိုက်ကြွေကျရမှာ
အချစ်အသီးကိုခူးရင်
ထာဝရက လိုက်ကြွေကျရမှာ.........

အတိတ်သစ်ပင်လို့ တမ်းတမြင်ယောင်တိုင်း
နောင်တသစ်ရွက် အဆွေးအမြေ့တွေရှိခဲ့ပေမယ့်
ရင်ဘတ်တစ်နေရာမှာ အတိတ်သစ်ပင်လေး
ဘယ်တော့မှ နွမ်းရော်ခြောက်သွေ့မသွားအောင်
(တစ်ခါတလေ.....)
မျက်ရည်မိုးတွေ သွန်းဖြိုးပေးခဲ့မိတယ်


   ဥပက္ခာအချစ်

ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။

လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်လေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့။

အချစ်တစ်မျိုးကို
“ဥပေက္ခာ” လို့ ငါတင်စားခဲ့ပါရစေ….



အတိတ်သစ်ပင်

နက်နက်ရှိုင်းရှိုင်း ရင်ဘတ်တစ်နေရာမှာ
အတိတ်သစ်ပင်လေးတစ်ပင်ရှိတယ်
အတိတ်သစ်ပင်မှာ ခံစားချက်အသီးအပွင့်တွေ ဖူးပွင့်တယ်
အမှတ်တရဆိုတဲ့အသီးကို ခူးရင်
အလွမ်းအသီးက လိုက်ကြွေကျတယ်
ကြင်နာခြင်းအသီးကိုခူးရင်
နာကျင်ကြေကွဲခြင်းအသီးက လိုက်ကြွေကျတယ်
အချစ်အသီးကိုခူးရင်
လှည့်ဖြားဟန်ဆောင်ခြင်းက လိုက်ကြွေကျတယ်

တကယ်ဆို....
အမှတ်တရအသီးကိုခူးရင်
ပျော်ရွှင်ကြည်နူးခြင်းက လိုက်ကြွေကျရမှာ
ကြင်နာခြင်းအသီးကိုခူးရင်
ယုယနမ်းရှုံခြင်းက လိုက်ကြွေကျရမှာ
အချစ်အသီးကိုခူးရင်
ထာဝရက လိုက်ကြွေကျရမှာ.........

အတိတ်သစ်ပင်လို့ တမ်းတမြင်ယောင်တိုင်း
နောင်တသစ်ရွက် အဆွေးအမြေ့တွေရှိခဲ့ပေမယ့်
ရင်ဘတ်တစ်နေရာမှာ အတိတ်သစ်ပင်လေး
ဘယ်တော့မှ နွမ်းရော်ခြောက်သွေ့မသွားအောင်
(တစ်ခါတလေ.....)
မျက်ရည်မိုးတွေ သွန်းဖြိုးပေးခဲ့မိတယ်


အိမ်ပြန်ချိန်

အတောင်စုံလို့ အမြင့်ကို ပျံခဲ့တာမဟုတ်သလို
အစာဝလို့ ဌာနကို ပျံလိုတာမဟုတ်ဘူး“ဘယ်နေရာကလာရင် ဘယ်နေရာကို ပြန်ရမယ်”တဲ့အိမ်ကပဲ လာခဲ့ပါတယ်
အိမ်ကိုပဲ အရောက်ပြန်မှာပါ။မွေးရပ်မြေက ရာသီတွေ သာယာရဲ့လား?
လေထုတွေ ညစ်ညှမ်းဆဲလား?သူငယ်ချင်းတွေ အရင်လို ဖြူစင်သေးလား?
ကြိုဆိုမှုတွေ နွေးထွေးပါ့မလား?ဘာပဲဖြစ်ဖြစ်...
မပြည့်တပြည့် အသိဥာဏ်နဲ့ဘောင်ဘင်ခတ်နေတဲ့ ဦးနှောက်တစ်ခုကိုထုပ်ပိုး
ငါ ... အိမ်ပြန်ဖို့ အချိန်တန်ခဲ့ပြီ။

 

တယောက်ထဲ

နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ပါတယ်
အခုတော့.....
မိုးရေထဲမှာ ငါတစ်ယောက်ထဲ(တည်း)

လွမ်းရမှာကြောက်လို့
ချစ်တတ်အောင်သင်ခဲ့ပါတယ်
အခုတော့.....
အလွမ်းတွေကြားမှာ ငါတစ်ယောက်ထဲ

ရဲရဲလျှောက်မယ်ဆိုလို့
လက်တစ်စုံကိုတွဲခဲ့ပါတယ်
အခုတော့....
လမ်းခုလပ်မှာ ငါတစ်ယောက်ထဲ

ကောင်လေးရေ...
မင်းမရှိတဲ့ မနက်ဖြန်ကို
ဘယ်လိုဆက်ရေးရမှန်း မသိလို့
အိပ်မက်တစ်ရွက်ကို ငါဆုပ်ဖြဲလိုက်တယ်
အခုတော့...
မျှော်လင့်မီးမှိန်မှိန်အောက်မှာ ငါတစ်ယောက်ထဲ

 

 ငါဟာငါဖြစ်တယ်

ဒီလောကမှာ ငါနဲ့လုံးဝတူတဲ့လူ မရှိဘူး
တစ်ချို့လူတွေ တစ်ချို့နေရာမှာ ငါနဲ့တူမယ်
ဒါပေမယ့် ငါနဲ့ လုံးဝတူတဲ့လူ မရှိဘူး။
ဒါကြောင့် ငါလုပ်သမျှ အားလုံးက
စစ်မှန်တဲ့ ငါ့ကိုယ်စားပြုတွေဖြစ်တယ်။
ငါရွေးချယ်ခဲ့တာဖြစ်တယ်။
ငါ့အရာအားလုံးကို ငါပိုင်ဆိုင်တယ်။
ငါ့ခန္ဓာက ပြုလုပ်သမျှအားလုံး
ငါ့ဦးနှောက်က တွေးတော၊ စဉ်းစားသမျှအားလုံး
ငါ့မျက်စိက မြင်သမျှ၊ ပုံဖော်မိသမျှအားလုံး၊
ဒေါသတွေ၊ အပျော်တွေ၊ စိတ်ညစ်တာတွေ
အချစ်တွေ၊ မျှော်လင့်ချက်မဲ့တာတွေ၊ စိတ်လှုပ်ရှားမှုတွေ
ထုတ်ဖော်ပြောဖြစ် မပြောဖြစ်တဲ့ ငါ့ခံစားချက်အားလုံး၊
ငါ့ပါးစပ်က ထုတ်ဖော်ပြောတဲ့ ယဉ်ကျေးတာ၊ ချိုသာတာ၊ ခါးသီးတာ
မှန်ကန်တာ၊ မမှန်ကန်တာတွေအားလုံး၊
ကျယ်လောင်တဲ့၊ တိုးတဲ့ ငါ့အသံတွေအားလုံး၊
လူတွေအတွက် ဒါမှမဟုတ် ငါ့အတွက် ပြုလုပ်တဲ့ ငါ့အပြုအမှုတွေအားလုံး၊

ငါပိုင်ဆိုင်တဲ့ စိတ်ကူး၊ အိပ်မက်၊ မျှော်လင့်ချက်နဲ့ ကြောက်ရွံ့မှုတွေ
ငါပိုင်ဆိုင်တဲ့ အောင်နိုင်မှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ မှားယွင်းမှုတွေ
ငါရှိသမျှကို ငါပိုင်ဆိုင်တဲ့အတွက်
ငါ့ကိုယ်ငါ ပိုရင်းနှီးတယ်
ငါကိုယ်ငါ ပိုချစ်တယ်။
ငါ့ကိုယ်ငါ ပိုင်ဆိုင်တဲ့အတွက်
ငါ့အစိတ်အပိုင်းတွေကို ငါမြတ်နိုးတယ်။
ငါကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။
ဒါကြောင့် ငါလုပ်ချင်တဲ့အလုပ်တွေကို ငါလုပ်နိုင်တယ်။
ငါအနှောင့်အယှက်ဖြစ်တဲ့ အစိတ်အပိုင်း
ငါနားမလည်တဲ့ အစိတ်အပိုင်းရှိတယ်ဆိုတာ ငါသိတယ်။
ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေကို ငါအမြတ်တနိုး ဆက်ဆံရင်
အခက်အခဲတွေကို ရင်ဆိုင်ဖို့ ငါ့မှာ သတ္တိတွေရှိလာတယ်။
မျှော်လင့်ချက်တွေရှိလာတယ်။

ဘယ်အချိန်ဖြစ်ဖြစ် ကြည့်တာ၊ ကြားတာ၊ ပြောတာ၊ လုပ်တာ၊ တွေးတာ
ငါခံစားတာတွေ အားလုံးဟာ ငါ့ဟာပဲဖြစ်တယ်။
ဒါတွေဟာ ငါလုပ်နေသမျှ
ငါ့ကိုယ်စားပြု အစစ်အမှန်တွေဖြစ်တယ်။

ငါရှိခဲ့သမျှ၊ ကြားသမျှ၊ ပြုခဲ့သမျှ၊ တွေးခဲ့သမျှ၊ ခံစားခဲ့သမျှကို
တစ်ချိန်ချိန်မှာ ငါပြန်ကြည့်တော့ တစ်ချို့က ပြောင်းလဲနေတယ်။

မသင့်တော်တာတွေကို ငါလွှင့်ပစ်ပြီး သင့်တော်တာကို ငါသိမ်းထားလိုက်တယ်။
အသစ်တွေကို ဆန်းသစ်ထီထွင်တယ်။
ငါမြင်နိုင်၊ ကြားနိုင်၊ ခံစားနိုင်၊ တွေးတောနိုင်၊ ပြောနိုင်၊ လုပ်နိုင်တာတွေ
လူတွေနဲ့ ပိုရင်းနှီးအောင်၊ ပိုကြွယ်ဝအောင်၊
ပိုဆန်းသစ်ထီထွင်အောင် ငါ့မှာနည်းရှိတယ်။
ငါဟာ ငါ့ကိုပိုင်ဆိုင်တယ်။
ဒါကြောင့် ငါ့ကိုယ်ငါ မောင်းနှင်တယ်။
ငါဟာငါပဲဖြစ်တယ်။ငါဟာ ငါဖြစ်တယ်။
 

 

No comments:

Post a Comment